အလှူဟူသမျှတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သည်

Monday, August 27, 2012

ဘုရားရင်ပြင်တော်တို့တွင် ဖိနပ်စီးလျှင် (၂၇-၈-၂၀၁၂)

အရှင်ဘုရား၊ ဘုန်းကြီးကျောင်းဝင်း၊ ဘုရားရင်ပြင်တော်တို့တွင် ဖိနပ်စီးလျှင် မည်သို့အပြစ်ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း ဓားခွဲခံရခြင်းနှင့် မည်သို့ ဆက်စပ်ပါသနည်း။

(ဖြေ)
ဗိမ္ဗိသာရမင်း၏ ခြေဖ၀ါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ ရာဇ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘ၀တုန်းက စေတီရင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့။

ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား (၂၇-၈-၂၀၁၂)

ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊
ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"

"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။"

"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"

Wednesday, August 15, 2012

ရှင်ဥပဂုတ္တအကြောင်း (၁၆-၈-၂၀၁၂)

(၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)

မေး။ ။ ရပ်ကွက်ဓမ္မာရုံကဖွင့်သော အလွန်နာမည်ကြီးသော ဆရာတော်ကြီးတစ်ပါး (ပျံလွန်ပြီး)၏ အရှင်ဥပဂုတ္တရဟန္တာဇာတ်တော် ကို နာကြားလိုက်မိသဖြင့် စိတ်ထဲမှာ မရှင်းလင်းသည့် အချက်များကို မေးချင်စိတ်ပေါ်ခဲ့ရပါသည်။

ထိုဆရာတော်ကြီးက အရှင်ဥပဂုတ္တသည် ယခုအထိ သက်ရှိထင်ရှားရှိနေသေးကြောင်း ၊
တောင်သမုဒ္ဒရာမှာ ကြေးပြာသာဒ်ဖြင့် သီတင်းသုံးနေကြောင်း၊ ပိယဒဿီခေါ် ကလေးငယ်အား အရှင်ဥပဂုတ္တအမည်ဖြင့် မာရ်နတ်ကို နှိမ်နင်းမည့်အကြောင်း မြတ်စွာဘုရားကိုယ်တိုင် ဗျာဒိတ်တော် ထားခဲ့ကြောင်း အကျယ်တဝင့် ဟောပါသည်။

သို့သော် ကျွန်တော်ဖတ်ဖူးသော ဓမ္မစာပေများတွင် အရှင်ဥပဂုတ္တ ဆိုသည်မှာ မဟာယာနတို့ ဖန်တီးထားသော ဇာတ်ဝတ္ထုသာဖြစ်ကြောင်းလည်း အကိုးအကားများစွာဖြင့် ပြထားပါသည်။ သို့သော် ပိဋကတ်စာပေတတ်ကျွမ်းသော ရဟန်ပုဂ္ဂိုလ် လူပုဂ္ဂိုလ်အချို့ကပင် အရှင်ဥပဂုတ္တ တကယ်ရှိကြောင်း ရေးကြပြောကြလေရာ ကျွန်တော်(တို့)မှာ မည်သည်ကို အတည်ယူရမည် မသိတော့ပါ။

ပြဇာတ်မင်းသာလို တရားဟောသင့်ပါသလား (၁၆-၈-၂၀၁၂)

အမေး။ ။အရှင်ဘုရား…..MRTV တို့မှာ အချို့ဘုန်းကြီးများ တရားဟောတာနဲ့ပတ်သက်ပြီး တပည့်တော်ဝေဖန်မိပါတယ်ဘုရား။ အချို့ဘုန်းကြီးများဟာ ပြဇာတ်မင်းသားလို အသံရှည်ရှည် ဆွဲငင်ဟောတာတွေ့ရပါတယ်။ တပည့်တော် နားထောင်ရတာလဲ သီချင်းဆိုသလိုပါပဲ ဘုရား။ တပည့်တော်သိချင်တာက တရားဟောတဲ့အခါ အသံနေအသံထားနဲ့ ဆွဲငင်ဟောကြားတာဟာ ၀ိနည်း တော်နဲ့ညီညွတ်မှုရှိပါသလားဘုရား။
 
အေးသီတာဝင်း
MCC မြိတ်

အဖြေ။ ။ တရားဟောတဲ့နေရာမှာ အသံရှည်ဖြင့် ဆွဲငင်ပြီး တရားမဟောကောင်းပါ။ ဘာကြောင့်လဲဆိုရင်..အသံရှည်ဆွဲငင်ဟောကြားတဲ့ အတွက် ဘုရားရှင်ရဲ့အလိုတော်နဲ့ဆန့်ကျင်နေတဲ့အပြင် အပြစ်ငါးပါး ဖြစ်လို့ပါပဲ။ အပြစ်ငါးပါးက…

သီလရှင်ဘယ်အချိန်ကပေါ်ပေါက်လာပါလဲ (၁၆-၈-၂၀၁၂)

အမေး။အရှင်ဘုရား… တပည့်တော်သိချင်တဲ့အောက်ပါပြဿနာများကို ဖြေကြားပေးတော်မူပါဘုရား။
(၁)။ သီလရှင်ဘယ်အချိန်က စတင်ပေါ်ပေါက်လာပါသလဲဘုရား။
(၂)။ ဘိက္ခုနီမကို ကိုရင်က ရှိခိုးသင့်ပါသလားဘုရား။
(၃)။ သီလရှင်ကို လူယောင်္ကျားက ရှိခိုးသင့်ပါသလားဘုရား။
(၄)။ ခြင်ဆေးထွန်းလို့ ခြင်သေရင် ပါဏာတိပါတကံထိုက်ပါသလားဘုရား။
 

အေးသီတာဝင်း
MCC-မြိတ်

 

 အဖြေ။ ။မအေးသီတာဝင်းမေးတဲ့မေးခွန်းလေးခုအနက် ပထမ အမေးပြဿနာကို အရင်ပြောမယ်
သီလရှင်အကြောင်းနဲ့ပတ်သက်ပြီး လုံးဝမလေ့လာဘူးတဲ့အတွက် အခက်တွေ့ရပါတယ်။ ဒါနဲ့သီလရှင်အကြောင်းရေးထားတဲ့ စာအုပ်လိုက်ရှာတော့ စာကြည့်တိုက်တစ်တိုက်မှ ဆရာရဝေထွန်းရေးတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင်သမိုင်း စာအုပ်ကို တွေ့ရှိခဲ့ပါတယ်။ ဒီစာအုပ်က အတော်လဲစုံစုံလင်လင်ပါပဲ။ လေ့လာရသမျှ တိုကျဉ်းလိုရင်း ဖြေကြားပေးလိုက်ပါတယ်။
သီလရှင်ဟာ ဘယ်အချိန်ကစတင်ပေါ်ပေါက်လာသလဲဆိုရင်

Tuesday, August 14, 2012

ကာလ နဂါး ( ၁၄-၈-၂၀၁၂ )

ကာလ နဂါး
စာပေပညာရှင်များအား မေးမြန်းလိုပါသည်၊ ကာလ နဂါး အကြောင်းဖြစ်ပါသည်-ခင်ဗျား---


(၁) ကာလ နဂါးသည် ယခုထိ ရှိပါသလော-
ကာဠ နဂါးနှင့် ပတ်သက်သော အကြောင်းအရာတို့ကို အရေတကြီး သိသင့်သောအကြောင်း အရာတိုဟူ၍ မထင်မြင် မယူဆသော်လည်း မေးခွန်းရှင် ( တင်လတ်(မကွေး)၏ သိလိုစိတ်ကို မျက်ကွယ်မပြုလိုသဖြင့်၎င်း ၊ ကာဠ နဂါး အကြောင်း အပြည့်အစုံပါဝင်သော စာအုပ်စာတမ်းတို့ ကို မတွေ့မိသဖြင့်၎င်း စာဖတ်သူများလည်း ဗဟုသုတ ပွားနိုင်ရန် စွမ်းနိုင်သမျှ ရှာဖွေတင်ပြလိုက်သည် ။

( ကျမ်းစာအများအပြားတွင် ကာလ ဟု လ-လေးနှင့် အတွေ့ရ နည်းပြီး ကာဠ ဟု ဠ-ကြီးနှင့်သာ အတွေ့ရများပါသည် ။

စေတီပုထိုးများ အဘယ်ကြောင့် ရောင်ခြည်တော် လွှတ်ပါသနည်း (၁၄-၈-၂၀၁၂)

( မေး )
၁။ စေတီပုထိုးများ အဘယ်ကြောင့် ရောင်ခြည်တော် လွှတ်ပါသနည်း။ ကျမ်းအကိုးအကား အထောက်အထားဖြင့် ဖြေကြားပေးတော်မူကြပါ။
( သိလိုသူတဦး )
( ဖြေ )
၁။ စေတီပုထိုးတွင် ရောင်ခြည်တော်လွှတ်ခြင်းကဲ့သို့သော တန်ခိုးပြာဋိဟာတို့သည်
(၁) ရဟန္တာ (၂) နတ် (၃) လူ-ဟူသော ဤသုံးယောက်သောသူတို့၏ အဓိဋ္ဌာန်ခြင်းကြောင့် ဖြစ်ကုန်၏-ဟု မိလိန္ဒပဥှာကျမ်းတွင် ပြဆိုထားပါ၏။ ( ခု-၁၁၊ ၂၉၇ )

မိလိန္ဒပဥှာတွင် အောက်ပါအတိုင်း ဆက်လက်ရှင်းပြထားပါသည်။

Monday, August 13, 2012

ဓာတုပရိနိဗ္ဗာန် ဝင်စံသည့်အခါ ( ၁၄-၈-၁၂ )

မေး။ ။ ဗုဒ္ဓသာသနာတော် နောက်ဆုံးကွယ်ချိန်၌ ဓာတုသာသနာ ကွယ်မည်ဟု ဆိုပါသည်။ ထိုဓာတုသာသနာတွင် ဘုရားရှင်၏ အရိုးတော် စွယ်တော် စသည့် ဓါတ်တော်များသည် နေရာအနှံ့အပြားမှ လာရောက်စုရုံး၍ ဘုရားရှင်၏ ပကတိပုံတော်အတိုင်း ဖြစ်တည်တော်မူ လျက် တရားဟောမည်၊

ဘုရားပွင့်တော်မူရာ မဇ္ဈိမဒေသ ဗောဓိပင်ရင်း၌ပင် တရားဟောအပြီး သတ္တ၀ါများ နောက်ဆုံးကျွတ်တမ်း ဝင်ကြဦးမည်၊ ပြီးလျှင်ဓာတုပရိနိဗ္ဗာန် စံဝင်တော်မူမည်ဟု မှတ်သားရပါသည်။
ထိုဓာတုပရိနိဗ္ဗာန် မဝင်စံမီ ဓာတုနိမ္မိတရုပ်ပွားတော် (သို့) ဓါတ်ပုံတော် ဘုရားရှင်၏အတွင်း၌ စိတ် စေတသိက် စိတ္တဇ ရုပ်များ ရှိနေပါသလော။ ယင်းအရာများရှိက ပရိနိဗ္ဗာန်ဝင်စံလျှင် ထပ်၍ ရုပ်ကြွင်း(ဓာတ်တော်)များ ကျန်လိမ့်ဦးမည်-ဟု ထင်မြင်မိပါသည်။ (သို့မဟုတ်) အကုန်အစင် ကွယ်ပျောက်ပါသလား။ ဘာကြောင့် ထိုသို့ ဖြစ်ရသနည်း၊ အဓိဋ္ဌာန်တော်မူချက်ကော ပါပါသလား။

သာသနာတော် ဘယ်နှစ်ခုနှစ်မျှလောက်မှာ ဖြစ်နိုင်မည်နည်း။ ပါဠိ+အဋ္ဌကထာ+ဋီကာများက မည်သို့ဆိုပါသနည်း။ ပညာရှင်များ ဖြေကြားပေးတော်မူကြပါရန်။
သုတဂဝေသီတစ်ဦး (ဘားအံ)


ဖြေ။ ။ ရှေးဦးစွာ ကွယ်ခြင်းငါးမျိုးကို သိအပ်၏။ အဓိဂမအန္တရဓာန၊ ပဋိပတ္တိအန္တရဓာန၊ ပရိယတ္တိအန္တရဓာန၊ လိင်္ဂအန္တရဓာန၊ ဓာတုအန္တရဓာနဟု ကွယ်ပျောက်ခြင်း ငါးမျိုးရှိပါသည်။
(၁) အဓိဂမအန္တရဓာန = တရားထူး ကွယ်ပျောက်ခြင်း

ဂေါတမဗုဒ္ဓ၏ အရပ်တော် (၁၄-၈-၁၂)

မတ်ဗုဒ္ဓ၏ အရပ်တော်နှင့် ပတ်သက်၍ ကွဲပြားခြားနားသော အယူအဆနှစ်မျိုးတွင် မြတ်ဗုဒ္ဓသည် ပကတိလူတို့ထက် များစွာမမြင့် ဟူသော အယူအဆသည် ယုတ္တိဗေဒသက်သက်ကို အခြေခံ၏။ ဂေါတမဘုရားရှင်၏ အရပ်တော်မှာ ၁၈-တောင် ရှိ၏=ဟူသော အယူအဆသည် ကျမ်းဂန်အထောက်အထားကို အခြေခံကာ ယုတ္တိရှာ ပြ၏။

ဘုရားရှင်၏ အရပ်တော်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ၊ အယူအဆမတူညီမှုများကို အဋ္ဌကထာ၊ ဋီကာများတွင် မတွေ့ရပါ။ ပုဂံခေတ်၊ အင်းဝခေတ်စာပေများတွင်လည်း မတွေ့ရပါ။

Sunday, August 12, 2012

၃၇ ကောင်နှင့် အပေါင်းအပါများ....(၁၂-၈-၂၀၁၂)

တစ်ချို့ကပြောကြတယ် ရိုးရာကို မပစ်ပယ်ကောင်းဘူး တဲ....။ သူ့ဘာသာသူ ငုတ်နေတဲ့ ရိုးရာကိုတောင် ပြန်ဖော်တာရှိသေးတယ်။ ရစဉ်းစားကြည့်ပါ ၊ အခု က မ္ဘာပေါ်မှာ အဓိက ဘာသာကြီးလေးခုရှိပါတယ်၊
ဘာသာတစ်ခုကနေ ဘာသာတစ်ခုကို အလွယ်တကူပြောင်းနေသေးတာပဲ၊
ဒီနတ်အကောင်ဘလောင်တွေကျမှ ရိုးရာမပစ်ပယ်ကောင်းဘူးဆိုတော့ အဲဒီ နတ်တွေအကုန်ဆောင့်ကန်ဖို့ ပဲကောင်းတော့တယ်။

ပြောလက်စနဲ့ ဆက်ပြောရအုံးမယ်..။ လူ့ပြည်မှာနေတုန်းကလည်း ကောင်းတာတစ်ခုမှ မလုပ်။ အရက်သောက်၊ ဖဲရိုက်၊ ကြက်တိုက်၊ သူများသားမယားဖျက်ဆီး... သေရင် ပြိတ္တာဖြစ်ဖို့ တောင်မကျိန်းသေဘူး...ငရဲကျဖို့ များနေတယ်၊ အဲဒါတွေကိုများကြောက်ဒူးတုန်ပြီ
း ကိုးကွယ်နေလိုက်ကျတာများ ပြောကိုမပြောချင်တောပါဘူး...။အဲဒါတွေကို ကြောက်ပြီးတော့ ရတနာသုံးပါးထက်ပိုပြီး ကိုးစားမိ၊ ကိုးကွယ်မိရင် သရဏဂုံ ပျက်တတ်တယ်၊ သရဏဂုံပျက်ရင် ဘာဖြစ်မလဲ ...။  ကျေးဇူးပြုပြီး စဉ်းစားကြပါ..။ စဉ်းစားပြီးသားလူများကလည်း ပြန်လည်ရှင်းပြကြပါ....။

အဲဒီ ၃၇ ကောင်နဲ့ ပတ်သတ်လို့ ဆက်ပြောရအုံးမယ်၊ ကောင်းကျိုးကြတော့ပေးဖို့ မကျိန်းသေဘူး၊ မကောင်းကျိုးကြတော့ လက်ငင်းပေးတယ်တဲ့...။ ဖြစ်သင့်လားမဖြစ်သင့်လားဆိုတာ..
။တကယ်တမ်းကျတော့ ကောင်းကျိုးလုံးဝကိုမပေးနိုင်တာပါ၊ အစွမ်းအစလည်းမရှိပါဘူး၊ ဒါတောင်သူတို့ကို ပြိတ္တာ အဖြစ်ယူဆပြီးပြောတာပါ၊ ကျွန်တော်ထင်ပါတယ် အခုလောက်ဆို အောက်မှာ ချိုးကပ်နေလောက်ပြီ...။ စဉ်းစားကြည့်ကြပါ နူနာစွဲနေတာနဲ့..အရက်သမားနဲ့၊ မင်းမဟာဂီရိဆို အခုချိန်ထိ မီးကိုကြောက်နေရတုန်း...။

မင်းမဟာ ဂီရိက အိမ်ကိုစောင့်တယ်တဲ့၊ ထားပါတော့ အဲဒါဆို ဘုရားဟောထားတဲ့ အိမ်ကိုစောင့်တဲ့ သမာဒေ၀ နတ်ကောင်းနတ်မြတ်တွေကို ဘယ်နားသွားထားမလဲ...။ နေရာတကာ ဟိုတောင်ဆိုလည်း ဟို အစိမ်းသေကောင်စောင့်ရတာနဲ့  ဒီနေရာဆိုလည်း ဒီအစိမ်းသေကောင်စောင့်ရတာနဲ့..သမာဒေ၀နတ်ကောင်းနတ်မြတ်တွေက
နေစေရာတောင်ရှားပါးနေပြီ...။ ခက်တော့တာပဲ။
တကယ်တော့ အဲဒါတွေက နတ်ကတော်တွေက သူတို့ စားလုံး စားကွက်ကောင်းအောင် လွှင့်တဲ့ လှိမ့်လုံးတွေပါ...။ လူတွေက အမှားကြလို့ အမှန်ထင်လာရင် မကောင်းဘူး....။

ထေရ၀ါဒ ဆိုတာ.... (၁၂-၈-၂၀၁၂)


ထေရ၀ါဒ ဆိုတာ
ဘုရားဟော ကြားတော်မူခဲ့သော တရားတော်များကို
ထေရ်စဉ် ထေရ် ဆက် မပျောက်ပျက်အောင်
လိုတိုးပိုလျှော့မလုပ်ဘဲ
စောင့်ရှောက်လာခဲ့ ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင်
ထပ်ပြီး ဖြည့်စွက်စရာမလို
ထုတ်ပယ်စရာ မလိုသော
တစ်ခုတည်းသောဘာသာမှာ
ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ရာ.....(၁၂-၈-၂၀၁၂)


မြတ်စွာဘုရားက "ရတနာသုံးတန်နှင့် ကံ ကံ၏ အကျိုးကို ယံကြည်ပါ" ဟုသာ ဟေတော်မူခဲ့ပါ၏။
 ဗေဒင်ကိုယုံကြည်ပါဟု ဟောတော်မမူခဲ့ပါ။

" မိမိကိုယ်သာ အားကိုးပါ " ဟုဟောတော်မူခဲ့ပါ၏။ ယတြာကိုအားကိုးပါဟုဟော်တော်မမူခဲ့ပါ.......။

"လူသားတို့ ၏ဘ၀ကို သူတို့၏ ကံ၊ ဥာဏ်၊ ၀ီရိယ ကသာဖန်တီးသည်"ဟု ဟောတော်မူခဲ့ပါ၏။
တိရိစ္ဆာန်ရုပ်များကိုယ်စားပြုရာ ဂြိုလ်ကြီးများက လူသားတို့ ၏ဘ၀ကိုဖန်တီးသည်ဟု ဟောတော်မမူခဲ့ပါ...။

သာဿနာ မှတ်စုများ......(၁၂-၈-၂၀၁၂)



                                               

                  
                       ဗုဒ္ဓသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မက်လုံးပေး၍သော်လည်းကောင်း၊ ခြိမ်းခြောက်၍သော်လည်းကောင်း မိမိ ၀ါဒထဲသို့ မသိမ်းသွင်းခဲ့ပေ.........။

                       
                      "ဗုဒ္ဓ၏ တရားတော်များသည် စဉ်းစားဥာဏ်ရှိသူကို ဖိတ်ခေါ်၏။ ဝေဖန်တတ်သူတို့ ကို ကြိုဆို၏။ လက်တွေ့ ကျကျ လေ့လာသူတို့ကို ခွင့်ပြုပြီးလျှင် အပြည့်အ၀ လိုက်နာကျင့်သုံးသူတို့ကို လက်ခံတတ်လေသည်။ ဤနည်းအားဖြင့်
စောင့်စားနေ၏။ "
(အရှင်ဇနကာဘိဝံသ- တစ်ဘ၀သာသနာ)
                                                                                           

                    "  သာသနာဆိုတာ ဘုရားဆုံးမတဲ့ စကားကို အသက်နဲ့ လဲပြီးခံယူနိုင်အောင် လုံလောက်တဲ့ ခံယူချက်မျိုးကွဲ့ ။
( ဦးဥဿဟ-စံကင်းဆရာတော်တပည့်)